Monday, April 21, 2014

z4Root v 1.3.0 for android(latest version)




Android phone/Tablet ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်းထဲမှာတင် root လုပ်ပေးနိုင်မယ့်ဆော့ဝဲလ်လေး z4root ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို ဖုန်းထဲမှာ install လုပ်ပြီး(one click)အသုံးပြုရုံပဲဖြစ်ပါတယ်။Root ဖောက်ဖို့အတွက် ကွန်ပျူတာမလိုအပ်တာကြောင့် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ဖုန်းတော်တော်များများကို Root ပြုလုပ်နိုင်တာတွေ့ရပါတယ်။Samsung,Htc,huawei,sony…စတဲ့ ဖုန်းမော်ဒယ်တော်တော်များကို Root ဖောက်နိုင်မှာပါ။ support ပေးထားတဲ့ Device စာရင်းကတော့ အောက်ပါအတိုင်းပါ။


Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Hero
G1
Optimus T
Droid 1
Garmin Asus A50 Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1 Not compatible with PERMANENT root option

Desire (requires nand unlock)
Desire HD (requires nand unlock) Magic (unknown)
Evo (requires nand unlock)
G2 (requires nand unlock)
Archos 70 (unknown)
myTouch 3G (unknown)
Wildfire
Droid Incredible


ရယူအသုံးပြုလိုသူများအောက်မှာယူနိုင်ပါပြီ။

DOWNLOAD

ဖုန်းထဲမှာတင် Zip & Rar ကို ဖြည်နိုင်ချုံ့ နိုင်တဲ့ - 7Zipper v2.0 Apk





Rar & Zip ဆိုတာက ကွန်ပြူတာမှာတင်မဟုတ်ပါဘူး Android ဖုန်းတွေ Tablet တွေမှာလည်း ရှိထားသင့်တဲ့ Application တစ်ခုပါ။ မိမိလိုချင်တဲ့ Application တွေကို Online မှာဒေါင်းလုပ်ဆွဲတယ်ဆိုရင် App သီးသန့် တင်ထားတာတွေလည်းရှိသလို Rar & Zip စတာတွေနဲ့လည်း ချုံ့ပြီးတင်ထားတာတွေရှိကြပါတယ်။ အဲဒီ အခါမှာ ဖုန်းထဲမှာတင်တိုက်ရိုက် Rar ကိုဖြည်ချနိုင်ပါတယ်။ ဒါအအပြင်မိမိဖုန်းထဲမှာရှိတဲ့ File တွေကိုလည်း Archive လုပ်ပေးနိုင်ပါသေးတယ်။ Archive လုပ်ရာမှာလည်း Password ပါထည့်ထားနိုင်ပါသေးတယ်ဗျာ။ လုပ်ဆောင်ချက်တွေအားလုံးကတော့ PC အတိုင်းပါဘဲ။ လိုအပ်ရင် ဒီမှာဒေါင်းလိုက်ပါနော်

Tuesday, April 8, 2014

Myanmar Zodiac 2014 ဗေဒင် v1.2 apk For Android 4.3MB





ဗေဒင်ဝါသနာပါတဲ့သူငယ်ချင်းတွေအတွက် app အမိုက်စားလေးပါ။
သင်ဘာလို့ ဒီ Application ကို အသုံးပြုသင့်ပါသလဲ?
-မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ဗေဒင်ဆရာ ဆရာစံဇာဏီဘိုရဲ့ ဟောစာတမ်းများကိုအသုံးပြုထားခြင်း
-အခမဲ့ထုတ်ဝေထားသဖြင့်အဖိုးအခ တစ်စုံတစ်ရာမပေးရခြင်း
-သင် နှင့်သင့်ပတ်ဝန်းကျင်ရှိ လူများ၏ အမူအကျင့်မည်သို့ရှိမည်ကို
ရာသီဖွားစရိုက်များမှလေ့လာနိုင်ခြင်း
-၂၀၁၄ခုနှစ်မှာ သင့်ရဲ့ အလုပ်အကိုင်၊ပညာရေး၊လူမှုရေး၊ အချစ်ရေး.စ တာတွေကို သိလိုတယ်ဆိုရင်..
-ယခုပဲ ဒီ Application ကို ဖုန်းထဲမှာ သွင်းထားပြီး.. ဘယ်အချိန်ပြန်ကြည့်ကြည့် .
ကြည့်နိုင်ပါလိမ့်မယ်.
*အသစ်ထွက်ရှိလာသော Myanmar Zodiac 2014 ဗေဒင်တွင် ဆရာ စံဇာဏီဘိုရဲ့ ၂၀၁၄ ဟောကိန်းများကို ရာသီအလိုက်ထည့်သွင်းပေးထားပါသည်။
*ထို့အပြင် တစ်ပတ်စာ ဟောစာတမ်းများကိုလည်း ဖတ်ရှု့နိုင်ပါလိမ့်မည်။
*မြန်မာစာပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ
Android phone အားလုံးအတွက် မြန်မာစာ ကို အဆင်သင့်ဖတ်ရှုနိုင်အောင်ပြုလုပ်ထားတဲ့အတွက်
ဖောင့်မပေါ်တဲ့ပြဿနာမျိုးကိုလည်း ကြုံရတော့မှာ မဟုတ်ပါဘူး.
*မိမိ ရှယ်လိုသော တစ်ပတ်စာဟောစာတမ်းကို
Facebook အပါအ၀င်အခြားသော Social network များသို့ရှယ်နိုင်သော Function လည်းပါရှိပါသည်။
ဆန်းသစ်သော အသွင်အပြင်နဲ့ ထွက်ရှိလာတဲ့ Myanmar Zodiac 2014 Android App လေးကို အားလုံးပဲအသုံးပြုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

MMSD မှ ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။

download

နည်းပညာဆိုင်ရာ စာအုပ်များ စုစည်းဖော်ပြခြင်း

နည်းပညာပိုင်းဆိုင်ရာ လေ့လာချင်တဲ့ သူငယ်ချင်းတွေအတွက်  

အဆင်ပြေအောင် စာအုပ်လေးတွေကို အကိုတစ်ယောက်မှ Google  Driveမှာ 

စုစည်းပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

စာအုပ်ပေါင်း 180 ရှိပါတယ် ကွန်ပျူတာအတွက် ဖုန်းအတွက် အင်တာနက် ပိုင်းဆိုင်ရာ 

ဓာတ်ပုံပြင်ပိုင်းဆိုင်ရာ စရင်းကိုင်တွေအတွက် အသုံးပြုနည်းများ စသည်ဖြင့် အစုံအလင်ကိုရှိပါတယ် 

ebook downloadထဲဝင်ပြီးတော့ အပေါ်နားမှာရှိတဲ့ 

 

Add to Drive ကိုကလစ်လိုက်ရင် မိမိ Drive အကောင့်ထဲကိုရောက်သွားမှာဖြစ်ပါတယ် 

အဲဒါဆို အသုံးလိုတဲ့အချိန်မှာ ၀င်ရောက်ဖတ်ရူနိုင် Download လုပ်နိုင်ပါတယ် 

 

ဖုန်းထဲကနေ Root ဖောက်ရာမှာ နာမည်ကြီး Root Master 2.1.2 APK New Version



 ဒီ Root Master ဆိုတဲ့ Root Tools ဟာဆိုရင် အခြားနာမည်ကြီး Root Tools တွေရဲ့ Feature တွေနဲ့ ပေါင်းစပ်ဖန်တီးထားတယ်လို့ဆိုပါတယ်.. ပုံမှာပေါ့ Nexus 4.3 ကို Root ပြထားပါတယ်
မိမိကိုယ်တိုင် Root လုပ်ကြည့်ချင်သူများလဲ အန္တရာယ်ကင်းကင်းဖြင့် စမ်းသပ်ကြည့်နိုင်ပါတယ်...လိုအပ်သူ
များ Download ရယူနိုင်ပါပြီ။(မှတ်ချက်-ဖုန်းတိုင်း မရနိုင်ပါ)

                                                          Download

မြန်မာဖောင့်အမှန်ပေါ်စေမည့် (Android OS 1.6 to 4.4.2) - MM Aio Font Changer v1.0 Apk

 Developer ကိုဖြိုးချမ်းရေးသားဖန်တီးထားတဲ့ MMAio Font Changer လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်ဗျာ။ Android OS 1.6 မှ 4.4.2 အထိ မြန်မာစာဖောင့် မှန်ကန်စွာမြင်နိုင်ရေးနိုင်အောင် Support လုပ်ပေးနိုင်ပါ တယ်ဗျာ။ Root ဖောက်ထားဖို့တော့လိုအပ်ပါတယ်။ Smart Zawgyi နဲ့ Zawgyi နှစ်မျိုးကို မိမိစိတ်ကြိုက်ရွေး ချယ်အသုံးပြုနိုင်ပါတယ်ဗျာ။ ForzenKeyboard ကိုပါတစ်ပါထဲထည့်သွင်းပေးထားပါတယ်။ root ဖောက်ပြီးမှ သုံးနိုင်ပါမည် ။

ဒီ App ကို Google App မှာ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။


download
play store

မောင်စိန်ဝင်း(ပုတီးကုန်း)၏ စာအုပ် 10 အုပ် ဒေါင်းနိုင်ပါပြီ



           တစ်အုပ်ချင်း လိုက်ရှာစရာမလိုအောင် စုစည်းထားပါတယ် ဖိုင်တစ်ခုထဲမှာ

          စုပေါင်းထည့်ထားတာမို့  တစ်ကြိမ်ဒေါင်းလုပ်ယူရုံနဲ့ အကုန်ရယူနိုင်ပါတယ်

          စာပေစုဆောင်းလိုသူများ ၀ယ်ရ ငှားရမလွယ်သူများ အောက်ကလင့်နှိပ်

                                               download

ဓမ္မလက်ဆောင် APK




ဘော်ဒါတို့ အကြိုက်တွေ့စေမယ့် App လေး တစ်ခု ကို ဝေမျှပေးလိုက်ပါတယ် !
သိပြီးတဲ့လူလည်းရှိသလို မသိတဲ့လူလည်း ရှိမှာပါပဲလေ ! 

အခုကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရှိထားသင့်တဲ့ App လေးပေါ့ ! 
ဘုရားရှိခိုး မေတ္တာပို့ အမျှဝေ ပရိတ်ကြီး(၁၁)သုတ် ပဌာန်းတရားတော် 
အခြားထင်ရှားသည့် ဂါထာမန်တန်တွေ စုစည်းထားသော App လေးပါ !
အောက်မှာ ယူလိုက်ပါ..

၂၀၁၄ မတ်လ ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက် ~

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံ အစည်ကောင်းများ အဆက် အဆက်သွက်ကောင်း များ ပေါ်လာလိမ့်မည်။

သို့သော် ဤကာလအတွင်း ပစ္စည်းများကို ထု ခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။


မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုး အကြီး အကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။
သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ် သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။
အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေ အပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။
အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်

ဤကာအတွင်း ကောင်းကျိုးချမ်းသားများပိုမိုရရှိလာစေရန်နှင့်အညံ့အခိုက်များသက်သာပြေ ပျောက်စေရန်

 အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။


တနင်္လာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခု ကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။
လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ် ပါသည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။
ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရ မည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။
ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည် တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊သက် သာပြေပျောက်စေ ရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။
 ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်းများနှင့် တွေ့မည်။

အဖိုးတန်စက်ပစ္စည်များဝင်မည်။
 မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။
အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။
ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက် လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက် အသွယ်သစ် များ။ ပေါ်လာ လိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
 အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။
 အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။
ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်း များ ရောက်လာ တတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။
သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။

မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်း ပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
 လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

ကြာသပတေးသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေး လိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
 မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။

အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အတွက် သောကရောက် ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင် မည်။
ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်း ဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ် သည်။ ရွှေထွက်ခြင်း၊ ရွှေ အတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။
ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူး သတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။
ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င် စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ် တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

သောကြာသားသမီးများအတွက်

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည် ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည် ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင် ဘက် များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက် လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။
အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိ သူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ် အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။
ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများ သာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။
 ခါး အောက်ပိုင်းဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော ၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။
စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်းသာများပိုမိုရရှိလာစေရန်နှင့်အညံ့အခိုက်များသက်သာပြေ ပျောက်စေရန်

 အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

စနေသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
 မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်း များ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။


 ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့် တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။
အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ် စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။
ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
 ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီး အကဲ၊ ဆွေမျိုး အကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူး သတိပြုရန် ကျန်းမာရေး ညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။


ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။


ဆရာဟိန်းတင့်ဇော်ရဲ့ အွန်လိုင်း www.heintinzaw.com  ကနေ ကူးယူပါတယ်။

Android ဖုန်းများအတွက် အလွယ်ကူဆုံး root လုပ်နည်း

ဒီနည်းက z4root နဲ့  အဆင်မပြေတဲ့သူတွေအတွက်ပါ။
GingerBreak-v1.20.apk လေးကို ဖုန်းထဲမှာ install လုပ်ပြီး root လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်
 ဒီမှာအရင်ဒေါင်းလိုက်ပါ


1. အရင်ဆုံး Settings >> Applications >> Unknown Sources ကို အမှန်ခြစ်ပေးလိုက်ပါ။
Settings >> Applications >> Development >> USB Debugging ကို လဲ အမှန်ခြစ်ပေးလိုက်ပါ။


2. အပေါ်ကအဆင့်ပြီးသွားရင် ဖုန်းထဲမှာ GingerBreak Application လေးကိုဖွင့်ပြီး Root Device ကိုနှိပ်လိုက်ပါ။

Root လုပ်နေချိန်ကို ခဏစောင့်လိုက်ပါ။ Root လုပ်ပြီးသွားရင် ဖုန်း reboot ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ သင့်ဖုန်းဟာ root လုပ်ပြီးသားဖုန်း ဖြစ်သွားပါပြီ။ Superuser ဆိုတဲ့ Application လေးတစ်ခု တိုးလာတာကိုတွေ့ ရလိမ့်မယ်။
အားလုံးအဆင်ပြေပါစေ  ...

Sunday, February 23, 2014

Root ဘာကြောင့်လုပ်ရသလဲ ?




Root လုပ်တာဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာအသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကိုအလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်။ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်းguide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ1. Total control over systemroot လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကိုတဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။( ဥပမာ : Android phone / tablet ကို root လုပ်ပြီးsystem file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )2. Remove Unwanted appsကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့phone memory ကိုအလဟဿဖြစ်စေပါတယ်။ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။3. Change Themesကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေကပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။4. Backup Whole SystemAndroid မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာသိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။5. Installing Special ApplicationsAndroid Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applicationsတွေကို သင့် install ပြုလုပ်နိုင်ပါတယ်။( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။6. Install New ROM , Interferenceသင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။' Root ဘာကြောင့် လုပ်ရသလဲ"ဒီစာလေးက Root ဆိုတာ ဘာလဲလို့ မသိသေးသောသူတွေအတွက်သာရည်ရွယ်ပြီး Root ကို ဘာကြောင့်လုပ်သင့်သလဲဆိုတာကိုအကြမ်းဖြင်းရှင်းပြပေးတာဖြစ်ပါတယ်။Android OS ဆိုတာ opensource (free version) ဆိုပေမဲ့ mobile ထုပ်လုပ်သူတွေက Stay Version အနေနဲ့သာထုပ်လုပ်ကြပါတယ်။ဒါကြောင့်မို့ မိမိတို့ Divice ကို root လုပ်ရခြင်းဆိုတဲ့ အကြောင်းလေးပေါ်လာပါတယ်။အချို့သော program & application တွေကိုထည့်သွင်းအသုံးပြုချင်တဲ့ အခါမှာ မိမိ Divice က Stay Version ဖြစ်နေတဲ့အတွက် အသုံးပြုခွင့်မပေးပါဘူး။မိမိကို မိမိ Divice ရဲ့(user) အသုံးပြုသူအနေနဲ့ ပဲ အသိအမှတ်ပြုထားတာပါ။ထိန်းသိမ်းပြုပြင်ခွင့်ရှိသူ (Adminstrator) အဖြစ် ခွင့်မပြုထားပါဘူး။အဲဒီအခါမှာ မိမိက မိမိ Divice ကိုမိမိစိတ်ကြိုက်ပြုပြင်ဖန်တီးတည်ဆောက်ချင်တယ်ဆိုရင် သာမန် user အဖြစ်က နေ super userအဖြစ်ကို ရယူရပါတယ်။မိမိက မိမိDivice ရဲ့ Administrator Permissions ဖြစ်ပီဆိုရင်တော့ မိမိ Divice ကိုမိမိစိတ်ကြိုက် လုပ်ဆောင်ခိုင်းစေနိုင်လောက်အောင်ထိကို စွမ်းအားတွေရရှိမှာပါ။မိမိသာ programming ကို တက်သိကျွမ်းကျင်ထားသူဖြစ်ပါက OS တစ်ခုလုံးကို ကောင်းကောင်းလေ့လာခွင့်ရရှိနိုင်သလို System တစ်ခုလုံးကိုလဲ မိမိစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့အနေအထားကို ရရှိမှာပါ။Divice တွေ ထဲမှာ ပါဝင်တဲ့ ROM ကို သာ modified (ပြုပြင်ဆောင်ရွက်) နိုင်တဲ့ အဆင့်မှာ ရှိနေရင် မိမိ Divice ကို ကိုယ်ပိုင်Setting နှင့် ကိုယ်ပိုင် Themes တွေကို မိမိစိတ်ကြိုက်ပြုပြင်တည်ဆောက်နိုင်မှာပါ။အန္တရယ်ရှိတာကတော့ System အတွင်းပိုင်းကို နားမလည်ပဲ သွားရောက်ပြင်ဆင်မိသွားရင်တော့ မိမိ Divice လေးကို ဆုံးရုံးသွားရနိုင်ပါတယ်။သို့မဟုတ် Firmware အသစ် ပြန်တင်ခြင်းတို့ လုပ်ဆောင်ရမှာပါ။ထို့ကြောင့် မိမိက Super User ကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့သာမန်ထက် ပိုမိုထိန်းကျောင်း နိုင်အောင်လေ့လာမှတ်သားထားဖို့တော့ လိုပါတယ်။Root လုပ်ပြီးလို့ Super User ဆိုတဲ့ ပုံလေး မိမိ Divice မှာ တွေ့နေရပီဆိုရင်တော့ Java Language ကိုတက်ကျွမ်းသူဆိုရင်Core Level ဆိုတဲ့ OS Management အဆင့်ထိဝင်ရောက်ပြင်ဆင်ရေးသားနိုင်မှာပါ။တကယ်လို့ မိမိက သာမန် userတစ်ယောက်ဆိုရင်တော့ မိမိကိုယ်တိုင် မြန်မာဖောင့် ထည့်ခြင်း၊မြန်မာလက်ကွက်ထည့်ခြင်း၊Root only Application တွေကိုထည့်သွင်း အသုံးပြုနိုင်ခြင်း၊System ကို Backup လုပ်နိုင်ခြင်း၊စသောစသော အကျိုးပြုတဲ့ သေးငယ်သော ထိန်းကျောင်း မှု့တွေတော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။သေချာတာကတော့ မိမိ Divice ကို root လုပ်လိုက်ပီဆိုရင်တော့ မူရင်းထုတ်ကုန်ကိုဆန်ကျင်ရာေ၇ာက်တာကြောင့် Warranty ပျက်သွားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ သင့် အနေနဲ့ Warranty ကို ဂရုစိုက်နေမှာလား မိမိ Divice ကို မိမိထိန်းကျောင်းနိုင်သော Super User တစ်ယောက်အဖြစ်ခံယူမှာလားဆိုတာကတော့ သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ.

Monday, October 28, 2013

Snooker apk ဂိမ်း

snooker ဂိမ်းလေးပါ  ရုပ်ထွက်ကောင်းပြီး  ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ


size မကြီးမသေး ပါ လိုအပ်ရင် ဒီမှာ ယူပါ

လေးဖြူ ဒိုင်ယာရီ

လေးဖြူ ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး
လေးဖြူ  ဒိုင်ယာရီ တဲ့ သီချင်းအသစ်လေး လိုချင်ရင် အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်

Sunday, October 20, 2013

android ဖုန်းပေါ်ကနေ wifi ပြန်လွင့် နည်း


android ဖုန်းပေါ်ကနေ wifi ပြန်လွင့် ချင်သူများအတွက်



android ဖုန်းတွေမှာ wifi ပြန်လွင့် ချင်တဲ့ မိတ်ဆွေတွေအတွက် ပါ။ အလွန်အင်မတန်မှ ကိုရိုးရှင်းပြီး အသုံးပြုရတာလည်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။အကြောင်းအမျိုးမျိုးကြောင့် စမ်းသပ်ချင်တဲ့ မိတ်ဆွေတွေအတွက်ပါ သိထားတာလေးကိုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။ဒီနေရာမှာ android ဖုန်းတိုင်းနှင့် ကိုက်ညီမှု ရှိမရှိဆိုတာကတော့  အတိအကျပြောလို့ မရနိုင်တာကိုနားလည်ခွင့် လွတ်ပေးကြပါခင်ဗျာ။ သေချာတာကတော့  မိမိတို့ စမ်းသပ်မယ်ဆိုရင်လည်းအချိန်သိပ်မကုန်ပဲနှင့် တစ်နေရာတည်းမှာ အဆင်ပြေနိုင်ပါတယ်။လေ့ လာချင်တယ်ဆိုရင်တော့ အောက်မှာ ကြည့် ပေးပါခင်ဗျာ။(အဆင့် -၁) android ဖုန်းကို main menu ကနေ  setting ကိုသွားပြီး Wireless and networks ကိုသွားပါ။ အောက်မှာပုံနှင့် ကြည့် နိုင်ပါသည်။



(အဆင့် -၂ )  Tethering and the portable hotsopt option မှာ the portable Wi-Fi hotspot ကိုရွေး ပေး ပါ ။



(အဆင့် -၃ )  configure portable Wi-Fi hotspot ကိုနိပ်ပြီး နာမည်နှင့်  password ပေးပါ။



( အဆင့်  - ၄)  အပေါ်မှာ နာမည်နှင့် password များပေးပြီးပါက Wi-Fi hotspot ကိုစစ်ဆေးပေးပါ။  မိမိတို့ လက်တော့ ဖြစ်ဖြစ် ဖုန်းမှာဖြစ်ဖြစ် မိမိဖန်တီးခဲ့ သော SSID  name ကိုမြင်တွေ့ ရပါက အောင်မြင်စွာပြီးဆုံးသွားပါပြီ။

               

  ဒါဆို  ကိုသူရ  နားလည် လောက်ပြီထင်ပါတယ် 

Thursday, October 10, 2013

မြန်မာ ဗားရှင်း ဆိုင်ကယ်မောင်းဂိမ်း

ကဲ ဘော်ဘော် ဒို့ ဆိုင်ကယ်စီးချင် တယ်ဆိုရင်တော့ ဒီမှာ download ယူပါ 
ပြီးရင် install လုပ်လိုက်ပါ  မြန်မာ ဗားရှင်းမို့ကစားရလွယ်ကူစေပါတယ်..

Wednesday, October 9, 2013


recovery room အကြောင်းဗဟုသုတဗျာ




recovery  room အကြောင်းဗဟုသုတဗျာ
=================================
တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။ဖုန်းကိုင်ထား
တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Recovery မှာ (၂)မျိုးရှိပါတယ်
-------------------------------
(၁)Android System Recovery (or) Stock recovry

(၂)Clock work mod recovery (or) Custom  recovery ဟူ၍ နှစ်မျိုး
ရှိပါတယ်

 ( ၁ )Android System Recovery(or)Stock recovry
--------------------------------------------------------
Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။

reboot system now

apply update from external storage

wipe data/factory reset

wipe cache partition

apply update from cache

အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်

ှStock recovery
-----------------
ှStock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိ
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။
 update.zip
---------------
မိမိ့ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။

 wipe cache
-------------------
 wipe cache  လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background )
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ  ) စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။

wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး

(၂)Clock work mod recovery(or)Custom recovery(CWM)

-----------------------------------------------------------------------

 Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။
  Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက  Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး
လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်


Clock work mod recovery

------------------------------------

 မှာ
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ်  Clock work mod recovery ကို
  cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်  system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ systemကိုမိမိ ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ
  root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။  ဥပမာ  huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ။

 custom rom

-------------------------

 custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ
သွင်းလို့ရမှာဖြစ်ပါတယ်



 custom rom သွင်းနည်း

-------------------------------------------

 format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့
install sd card  ကနေ။  သွင်းပေးရမှာ ဖြစ်ပါတယ်။
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။  factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ်။  Huawei ဖုန်းတစ်ချို့ နှင့် အခြား ဖုန်းတွေ
မှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့
official firmware ကို ပြန်တင်ပေးရပါတယ်။  CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။



ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။



Credit to-ခင်မောင်စိုး